Locket Enchant

သင့် Champion အပြင်အနီးနားက Teammate တွေအတွက်ပါ 2.5 seconds ကြာတဲ့ Shield တစ်ခုရလာမှာဖြစ်ပြီး ဝင်လာမယ့် Damage ပမာဏ 60 ကနေ 390 အထိ ကာကွယ်ပေးမှာဖြစ်တယ်။ အကယ်၍ သင့် Teammate မှာ လွန်ခဲ့တဲ့ 20 seconds အတွင်း Locket Enchant Effect ရရှိထားရင်တော့ ထပ်ရမယ့် Value ရဲ့ 50% ကိုသာ ရရှိမှာပါ (Cooldown 60 seconds).

Protobelt Enchan

Champion ရဲ့ရှေ့ကို Missle တွေပစ်ပြီး Dash လုပ်နိုင်မှာဖြစ်ပြီး Missle တစ်ခုကို Magic Damage 70 ပါဝင်မှာဖြစ်တယ်။အကယ်၍ Enemy Champion သို့မဟုတ် Monster ကို Missle တစ်ခုထက်ပိုပြီးထိရင်တော့ နောက်ထပ်ထိတဲ့ Missle ရဲ့ Damage က 10% သာသက်ရောက်မှာဖြစ်တယ် (Cooldown 60 seconds) .

Glorious Enchant

Movement Speed 15% ကို 4 seconds ကြာ တိုးလာစေမှာဖြစ်ပြီး အကယ်၍ သင့်ရဲ့ ရွေ့လျားမှုဦးတည်ချက်က Enemy Champion သိုမဟုတ် Enemy Turrent တွေစီကိုဦးတည်နေရင်တော့ Movement Speed 75% အထိတိုးလာစေမှာပါ။ 4 seconds ကြာပြီးတဲ့နောက်မှာ Shockwave တစ်ခုထုတ်လွှတ်လိုက်မှာဖြစ်ပြီး Enemy ကိုထိခဲ့ရင် 2 seconds ကြာအောင် Movement Speed 50% လျော့ချလိုက်မှာဖြစ်တယ် (Cooldown 45 seconds)

Gargoyle Enchant

သင့် Champion အများဆုံးသွေးပမာဏရဲ့ 25% နဲ့ညီမျှတဲ့ ဝင်လာမယ့် Damage တွေကိုလျော့ချပေးမယ့် Shield တစ်ခုရရှိမှာဖြစ်တယ်။ အကယ်၍ သင့်အနားမှာ Enemy သုံးယောက်ထက်ပိုရှိနေရင်တော့ ဝင်လာမယ့် Damage တွေရဲ့ 200% ကိုလျော့ချပေးမယ့် Shield ကိုရရှိမှာဖြစ်ပြီး Shield ရနေမယ့် ကြာချိန်ကတော့ 4 seconds ကြာမှာဖြစ်တယ် (Cooldown 60 seconds)

Quicksilver Enchant

Quicksilver သုံးလိုက်တဲ့အချိန် သင့်မှာသက်ရောက်နေတဲ့ Crowd Control Effect တွေအားလုံးကိုဖယ်ရှားပေးမှာဖြစ်ပြီး နောက်ထပ် 0.75 seconds အတွင်းဝင်လာမယ့် CC Effect တွေကိုပါဖယ်ရှားပေးမှာဖြစ်ပေမယ့် Knock Up မိနေတဲ့အချိန်မှာတော့ သုံးလို့ရမှာမဟုတ်ဘူး။ Item သုံးပြီး နောက်ထပ် 1.5 seconds ကြာတဲ့အထိ Tenactiy (တစ်နည်းအားဖြင့်) ဝင်လာမယ့် Crowd Crontrol ရဲ့သက်ရောက်မယ့် Duration ကို 30% လျော့ချပေးမှာဖြစ်ပြီး Slow Resistance ကိုပါ 30% တိုးပေးမှာဖြစ်တယ် (Cooldown 60 seconds)

Redeeming Enchant

Item သုံးလိုက်တဲ့နေရာမှာ စက်ဝိုင်းပုံ Area တစ်ခုလင်းလာမှာ ဖြစ်ပြီး Area အတွင်းက သင့် Teammate Allies တွေအားလုံးကို သွေးပမာဏ 25 ကနေ 375 အထိ Healing လုပ်ပေးမှာဖြစ်တယ်။ သင့် Champion သေနေတဲ့အချိန်မှာပါသုံးပေးလို့ရမှာဖြစ်ပြီး အကယ်၍ သင်သုံးလိုက်တဲ့နေရာမှာ ဘယ်သူမှ Healingမဖြစ်ခဲ့ရင် Item ရဲ့ Cooldown 50% Refund ပြန်ရမှာဖြစ်တယ်။ ထပ်ပြီးနောက်ထပ် သင် Heal ပေးလိုက်တဲ့ Target က လွန်ခဲ့တဲ့ 20 seconds အတွင်း တစ်ခုခုနဲ့ သွေးပြန်ရထားတယ်ဆိုရင် သင် Heal ပေးတဲ့သွေးပမာဏရဲ့ 50% ကိုပဲရရှိမှာပါ (Cooldown 60 seconds)


Teleport Enchant

သင့် Teammate နေရာ Ward ရှိတဲ့နေရာ Turrent Structure တွေရှိတဲ့နေရာကို ခုန်ကူးသွားနိုင်မှာဖြစ်ပြီး Teleport လုပ်ဖို့ကြာချိန်ကတော့ 3.5 seconds ကြာမှာဖြစ်တယ် (Cooldown 180 seconds)

Repulsor Enchant

သင့်အနီးအနားက Enemy Unit တွေကို Knock Up ဖြစ်ပြီးနောက်အနည်းငယ်ဆုတ်သွားစေမှာဖြစ်ပြီး သင့်အနေနဲ့ Movement Speed 30% ကို 3 seconds ကြာရရှိမှာဖြစ်တယ် (Cooldown 60 seconds)

Magnetron Enchant

သင့် Champion ရဲ့Range မနီးမဝေးနားက Target Teammate, Minion နဲ့ Monster တွေရဲ့အနောက်ဖက်ကိုချက်ချင်း Dash လုပ်သွားနိုင်မှာဖြစ်တယ် (Cooldown 50 seconds).

Veil Enchant

ကိုယ့်ရဲ့ Teammate တစ်ယောက်အပေါ်ကို 3 seconds ကြာတဲ့ Spell Shied တစ်ခုတင်ပေးလို့ရမှာဖြစ်ပြီး Enemy စီက ပထဆုံးဝင်လာမယ့် Spell ကို ကာပေးမှာဖြစ်တယ် (Cooldown 45 seconds).

Meteor Enchant

- စက်ဝိုင်းပုံ Area တစ်ခုရွေးချယ်ပြီးသုံးလိုရမှာဖြစ်ပြီး သုံးပြီး 2.5 seconds ကြာတဲ့အခါ Area အတွင်းက Enemy Champion တွေရဲ့ အများဆုံးသွေးပမာဏ 25% နဲ့ညီမျှတဲ့ Magic Damage ကိုသက်ရောက်ပေးမယ့် Meteor တစ်ခု ပြုတ်ကျလာမှာဖြစ်တယ် (Cooldown 90 seconds).

Revival Enchant

သင့်အနေနဲ့ Teammate ကို Healing သို့မဟုတ် Shielding လုပ်ပေးတဲ့အခါ Bonus ပမာဏ 20% ထပ်တိုးပေးမှာဖြစ်တယ် (No cooldown) .

Stasis Enchant

Enemy တွေအနေနဲ့ Stasis သုံးထားတဲ့အချိန် 2.5 seconds ကြာ သင့် Champion ကို Target ထောက်လို့ရမှာမဟုတ်ပေမယ့် သင့်အနေနဲ့လည်း Champion ကိုရွေ့လျားမှုတစ်ခုမှပြုလုပ်လို့ရမှာမဟုတ်ပဲ နေရာမှာရပ်နေမှာဖြစ်တယ် (Cooldown 120 seconds) .